မစိုးရိမ်တိုက်သစ် ဝါဆိုသံဃာစာရင်းချုပ် (၁)
မစိုးရိမ်တိုက်သစ် ဝါဆိုစာရင်းတွေက ၁၃၂၇-ခုနှစ်ကနေ စတယ်။ အစဦးတုန်းက သံဃာနည်းသေးတော့ (၁၃၅၀) အထိတော့ စာမျက်နှာ ဘယ်လောက်မှ မရှိသေးဘူး။
ဒါနဲ့ (၁၃၆၀) အထိ ပေါင်းကြည့်လိုက်တော့ စာမျက်နှာ (၉၇၃) မျက်နှာ ရသွားတယ်။
ဒီလောက်ဆိုရင်တော့ စာအုပ်ချုပ်လိုက်လို့လည်း တင့်တယ်သွားပြီ။
ဒီလိုနဲ့ ပထမတစ်အုပ် စီစဉ်ပြီး မူပွါးထိန်းသိမ်းထားဖို့ ဖြစ်လာပါတယ်။
အဲဒီစာမျက်နှာတွေကို စကင်ဖတ်, ဖြူမည်းသန့်ပြီး စာအုပ်ဆိုင်မှာ အပ်လိုက်တယ်။
စာအုပ်ဆိုင်က ထွက်လာမှာကျတော့ ဖြူမည်းဆိုတော့ သန့်ပေးရမယ်လေ။
ဒါပေမယ့် ဒစ်ဂျစ်တယ်ဗားရှင်းလည်း လိုသေးတယ်။
မူရင်းက လက်ရေးတွေနဲ့ ရေးခဲ့ကြတယ်။
လက်စွမ်းတွေပြပြီး မျက်နှာဖုံးတွေကို လက်ရေးပန်းချီတွေ ဆွဲခဲ့ကြသေးတယ်။
အဲဒီလက်ရာ ဆေးပန်းပေါင်းစုံတွေကိုလည်း ပါစေချင်သေးတယ်။
ဒီလိုနဲ့ ရောင်စုံ ပီဒီအက်ဖ်ဗားရှင်းတစ်ခုကိုပါ ထပ်ထုတ်ဖို့ ဖြစ်လာခဲ့တယ်။
ရောင်စုံလုပ်ကြည့်လိုက်တော့ တစ်မျက်နှာကို (၃) မီဂါဘိုက်လောက် ထွက်လာတယ်။
စာမျက်နှာ (၉၀၀) ကျော်ဆိုရင် သေလုမျောပါးဆိုက်ကြီး ဖြစ်သွားမယ်။
ဒီလိုနဲ့ ပြန်ချုံ့ရပြန်တယ်။
ချုံ့လိုက်တာတောင် (၁၃၃) မီဂါဘိုက်လောက် ထွက်နေသေးတယ်။
ပြီးတော့ အရည်အသွေးက စိတ်ကြိုက် သန့်လို့ မရတော့ဘူး။
ဒီလိုနဲ့ မူရင်းနဲ့ တူသလောက် တူစေ။ မတူသလောက်ကို ထားစေ-ဆိုပြီး ရောင်စုံတစ်ခု ထုတ်ပေးလိုက်ပါတယ်။
အောက်မှာ ရယူပေးပါ။
No comments:
Post a Comment