Saturday, March 21, 2020

ပိဋကတ်တော် နိသျများ ဗားရှင်းသစ် (၂၁-၃-၂၀၂၀)

ပိဋကတ်တော် နိသျများ

အန်းဒရိုက် ဖုန်း, တက်ဘ်လက်များအတွက် ပိဋကတ်တော် နိသျ (၃) စုံကို ဗားရှင်းသစ် မြှင့်ထားတာကို ဘလော့ဂ်မှာ တင်ထားပေးပါတယ်။

အသစ်အနေနဲ့ နိသျစာမျက်နှာတွေရဲ့ အပေါ်နားလေးမှာ ပါဠိတော်စာမျက်နှာ နံပါတ်တွေကို အသီးအသီး တပ်ထားပေးပါတယ်။ 

ကောင်းကွက်အားဖြင့် ပါဠိတော်ကို ကြည့်ရင်း နိသျကို လှမ်းဖွင့်လိုက်တယ်ဆိုတာနဲ့ နိသျဆော့ဖ်ဝဲက ပွင့်လာမှာပါ။ 
နိသျစာမျက်နှာရဲ့ နဖူးတစ်နေရာမှာ ပါဠိတော်စာမျက်နှာပါလာတဲ့အတွက် ကိုယ်ကြည့်လိုတဲ့ စာမျက်နှာအတွင်းမှာပဲ ရှိသေးသလား ကျော်သွားပြီလား-ဆိုတာကို အလွယ်တကူ သိရှိနိုင်မှာ ဖြစ်ပါတယ်။ 

ဟိုးနောက်ပိုင်း ခုဒ္ဒကဘက်ခြမ်းက မိုးထိမူနိသျတွေမှာ ပိုပြီး အကျိုးရှိပါလိမ့်မယ်။ 
မိုးထိမူ နိသျစာအုပ်တွေမှာ စာလုံးတွေက ညပ်သိပ်ပြွက်နေတဲ့အတွက် စာမျက်နှာ ဘယ်လောက်ကို ရောက်သွားပြီလဲ-ဆိုတာကို ရုတ်တရက် မသိနိုင်လောက်အောင် အခက်ကြုံတတ်ပါတယ်။ 
အဲဒီအခက်အခဲကို တတ်နိုင်သမျှ ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။

ရေးသားသူက ဦးပညာဓဇ (မော်လမြိုင်) ပါ။



ကိုယ့်စက်ထဲမှာရှိတဲ့ ဆော့ဖ်ဝဲဟောင်းတွေကို အရင်ဖျက်လိုက်ပြီးမှ အသစ်သွင်းပါ။

ဆိုတော့ အောက်မှာ နိသျဆော့ဖ်ဝဲတွေပါ။

(က)

ပါဠိတော်နိသျ။
(၇၂၈) မီဂါဘိုက် ပါဝင်ပါတယ်။ 

ရယူရန် ဤနေရာကို နှိပ်ပါ။


(ခ) 

အဋ္ဌကထာနိသျ။
(၁) ဂစ်ပါဝင်ပါတယ်။

ရယူရန် ဤနေရာ ကို နှိပ်ပါ။

(ဂ)


ဋီကာနိသျ
(၃၁၂) မီဂါဘိုက် ပါဝင်ပါတယ်။

ရယူရန် ဤနေရာကို နှိပ်ပါ။

No comments:

Post a Comment

ဓမ္မာနုဂ္ဂဟစာမေးပွဲ (၁၃၈၅-ခု/တ) မေးခွန်းများ (ခ)

မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် ဓမ္မာနုဂ္ဂဟစာမေးပွဲ၊ တတိယအကြိမ် (၁၃၈၅-ခု) မေးခွန်းများ (ခ)