Sunday, June 28, 2020

ပီဒီအက်ဖ် (စာအုပ်ဖိုင်) မှ ဓာတ်ပုံများစွာ

ပီဒီအက်ဖ် (စာဖိုင်)ကနေ ဓာတ်ပုံ ဆွဲထုတ်တဲ့ အလွယ်နည်းကို ပြပါမယ်။

ထွက်လာတဲ့ ဓာတ်ပုံတွေဟာ OCR စနစ်နဲ့ စာစီစနစ် ပြောင်းရာမှာ အသုံးကျပါလိမ့်မယ်။

စကြရအောင်။




ဆော့ဖ်ဝဲကို အင်တာနက်ကနေ ယူပါမယ်။ 
Chrome ကို ဖွင့်ပြီး PDF Shaper လို့ ရိုက်ထည့်ပါ။


ထွက်လာတဲ့ ရလာဒ်တွေထဲက ပထမဆုံးပေါ်လာတဲ့ ဝက်ဘက်ဆိုက်ထဲက Download ဆိုတာကို နှိပ်ပါ။ 
ပုံမှာ ပြထားပါတယ်။ 


သူ့ဝက်ဘ်ဆိုက်ကို ရောက်ရင် Free အောက်က Download ဆိုတာကို နှိပ်ပါ။ 
ပြီးရင် အဆင့်ဆင့် Install လုပ်ပေးပါ။ 


ကွန်ပြူတာထဲမှာ သွင်းပြီးရင် Desktop မှာ ဒီလိုပေါ်မှာလိမ့်မယ်။ 



ဖွင့်လိုက်ရင် ဒီလိုပွင့်မယ်။
ခဏနေဦး။


Desktop ပေါ်မှာ Folder တစ်ခု ဆောက်မယ်။
အထဲမှာ ကိုယ် ဓာတ်ပုံပြောင်းချင်တဲ့ pdf ဖိုင်တစ်ခု ထည့်မယ်။


အခု နမူနာအနေနဲ့ ထည့်ပြထားတာက ပခုက္ကူစာချနည်းကျမ်း။
တစ်ဖိုင်။


Pdf shaper ဆော့ဖ်ဝဲနဲ့ pdf ဖိုင် ပါတဲ့ Folder ကို ဘေးချင်းပြင်ထား။
pdf ဖိုင်ကို ဆော့ဖ်ဝဲထဲ ဆွဲထည့်။


ဓာတ်ပုံအနေနဲ့ ဆွဲထုတ်တော့မယ်။
ပထမနည်း။
(က) Extract ကို နှိပ်။
(ခ) Extract Images ကို နှိပ်။


ဘယ်နေရာမှာ ဖြန့်ထုတ်ပေးရမလဲ မေးလိမ့်မယ်။ 
အခုနက ဆောက်ထားတဲ့ Folder အသစ်ကို ပြလိုက်။ 
ပြီးရင် OK ကို နှိပ်။

ဓာတ်ပုံတွေ ထွက်လာလိမ့်မယ်။

ဒါက ပထမနည်း။


ဒုတိယနည်း ရှိသေးတယ်။
pdf ကနေ ဓာတ်ပုံ ပြောင်းယူတာ။
pdf to images ကို နှိပ်။


သူ့ကို ရွေးရင်တော့ JPG အမျိုးအစားနဲ့ ဓာတ်ပုံပြောင်းပေးလိမ့်မယ်။
Proceed ကို နှိပ်ပေး။



ဓာတ်ပုံ သိမ်းမယ့်နေရာကို ပြပေး။ အခုနက Folder အသစ်ကိုပဲ ပြပေး။ OK ကို နှိပ်။


အလုပ်လုပ်နေလိမ့်မယ်။ 
ပြီးသွားရင် Done လို့ ပေါ်မယ်။ 
Open ကို နှိပ်ပေး။


ဒါဆိုရင် pdf ကနေ ဓာတ်ပုံတွေ ဆွဲဖြန့်ပေးပြီးသွားပြီ။

သတိပေးချင်တာ ရှိတယ်။ 
အခုနက ပြောတဲ့ နှစ်နည်းဟာ ဘာကွာသလဲ။

တကယ်တမ်း ပီဒီအက်ဖ်ဆိုတာက ဓာတ်ပုံတွေကနေ ပြောင်းထားတာ။ ဒါမှမဟုတ်- စာဖိုင်တွေကို ပြောင်းထားတာ။ 

ပထမနည်းက မူရင်းအတိုင်း အရည်အသွေးမပျက် ပုံမပျက် ပြန်ထွက်တယ်။ 
အရည်အသွေးမူရင်းကို ပြန်လိုချင်ရင် ပထမနည်းကို သုံးရုံပဲ။

ဒါပေမယ့် OCR အတွက် ရည်ရွယ်ရင်တော့ ပထမနည်းက အဆင်ပြေချင်မှ ပြေလိမ့်မယ်။ 
ဘာလို့လဲဆိုတော့ တချို့ pdf တွေကို TIF ဖိုင်တွေက ပြောင်းယူခဲ့တာ။ 
TIF ကို Google OCR က မကြိုက်ဘူး။

ဒါ့ကြောင့် OCR အတွက် ရည်ရွယ်ရင် ဒုတိယနည်းကို သုံးပေါ့။

စမ်းကြပါဦး။

No comments:

Post a Comment

ဓမ္မာနုဂ္ဂဟစာမေးပွဲ (၁၃၈၅-ခု/တ) မေးခွန်းများ (ခ)

မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် ဓမ္မာနုဂ္ဂဟစာမေးပွဲ၊ တတိယအကြိမ် (၁၃၈၅-ခု) မေးခွန်းများ (ခ)