Thursday, July 23, 2020

ဝင်း<->ဇော်ဂျီ<->ယူနီ<->မြန်မာ၁

စာပြောင်း ပရိုဂရမ်တချို့ကို မျှဝေပါဦးမယ်။





ရဟန်းလောကမှာ ကွန်ပြူတာ ရိုက်ကြပြီလားဆိုရင် သုံးတဲ့ဆော့ဖ်ဝဲက Pagemaker ။ အသုံးအစွဲ တွင်ကျယ်တယ်။
အားသာချက်က ရိုးရှင်းတာ။ မျက်စိရှုပ်စရာ မလိုတာ။
ဝင်းစာလုံးအလှပေါင်းစုံကို လဲလှယ်ပြီး သုံးလို့ရတာ။

အားနည်းချက်က ဇော်ဂျီသုံးလို့မရဘူး၊ ယူနီကုဒ်စာလုံးတွေနဲ့ ရိုက်လို့မရဘူး။
ဝင်းစာလုံးနဲ့ ရိုက်ထားသမျှ စာတွေကို အွန်လိုင်းပေါ်မှာ တင်ပြီး သုံးလို့မရဘူး။

======

နောက်တစ်ခု။ ဇော်ဂျီ။
ဇော်ဂျီကျတော့ အွန်လိုင်းမှာ သုံးလို့ရတယ်။ အင်္ဂလိပ်မြန်မာ တွဲသုံးလို့ရတယ်။
ကောင်းတယ်။

အားနည်းချက်က နိုင်ငံတကာ အသိအမှတ် မပြုဘူး။
Google Drive ထဲက အခမဲ့ပေးတဲ့ အွန်လိုင်းဆော့ဖ်ဝဲတွေကို သုံးတဲ့အခါ ဇော်ဂျီကို သုံးရင် အဆင်မပြေတော့ဘူး။
ပြီးတော့ စာလုံးအလှတွေလည်း လဲလှယ်ပြီး သုံးလို့မရဘူး။

============

နောက်တစ်ခု။ ယူနီကုဒ်။
ဇော်ဂျီလိုပဲ။ အွန်လိုင်းသုံးလို့ရတယ်။ အင်္ဂလိပ်မြန်မာ တွဲသုံးလို့ရတယ်။
ဂူးဂေါလ်ကလည်း ထောက်ပံ့ပေးထားတယ်။
ကောင်းတယ်။

အားနည်းချက်။
နိုင်ငံတကာ အသိအမှတ်ပြု-ဆိုပေသိ ဆော့်ဖ်ဝဲအတော်များများက ဒီစနစ်ကို မှန်ကန်အောင် ထောက်ပံ့မပေးနိုင်ကြသေးဘူး။
ဥပမာ- အွန်လိုင်းမှတ်စုလောကကို ကြည့်ဦး။ Google မှာ စိတ်ကြိုက်သုံးလို့ရတယ်။ Microsoft Onenote မှာ အဆင်မပြေဘူး။ Evernote မှာ မရဘူး။ Dropbox paper မှာ မရဘူး။

မရဘူး-ဆိုတာက အဆင်မပြေဘူး ပြောတာ။
ကွန်ပြူတာနဲ့ ရိုက်ရင် အဆင်ပြေတာပဲ။ တယ်လီဖုန်းနဲ့ရိုက်ရင် တောင်တစ်လုံး မြောက်တစ်လုံး။ ပေါ်ချင်သလို ပေါ်တယ်။

နောက်ပြီး အက္ခရာစဉ်ပုံတွေကလည်း အဆင်မပြေသေးဘူး။ ဘုန်းကြီးလောကမှာ အ-အစ ဟ-အဆုံး စဉ်တယ်။ ယူနီကုဒ်မှာ က-အစ အ-အဆုံး စဉ်တယ်။
စသည်ဖြင့် အတည်မပြုနိုင်သေးတဲ့ ကို့ရို့ကားယားတွေ ရှိသေးတယ်။

သို့နှင့်တိုင်...
အခြားသော ဝင်း, ဇော်ဂျီတို့နဲ့စာရင် ယူနီကုဒ်နယ်ပယ်က ပိုကျယ်ဝန်းတာမို့ သည်းညည်းခံပြီး သုံးနေရတယ်။

=================

အပြောင်းအလဲမှာ ဟိုအရင်က ဝင်း, ဇော်ဂျီ, ယူနီကုဒ်တို့နဲ့ ရိုက်ထားခဲ့သမျှ စာတွေကို လိုသလို အချင်းချင်း ပြောင်းလဲပြီး ယူချင်ပါတယ်ဆိုရင်ဖြင့် "Font Converter" တစ်ခုကို မျှဝေချင်ပါတယ်။

ပညာရှင်ပေါင်းစုံ ရေးထားကြတာကို ဦးပညာဓဇက ပြန်ပြင်ပေးထားပါတယ်။

----------------------------------------------
ယူဖို့ရာ ((( ဒီနေရာ ))) ကို နှိပ်ပါ။
----------------------------------------------

နောက်တစ်ခု Google Sheet မှာ မြန်မာစာကို ရိုက်တဲ့အခါ ဂဏန်းတွေကို Series ဆွဲချလို့ မရသေးဘူး။ အဲဒီအတွက် ကူညီပေးမယ့် Number Converter တစ်ခု။

အသုံးကတော့ Sheet ထဲမှာ အင်္ဂလိပ်ဂဏန်းတွေနဲ့ စီးရီးချပြီး ဆွဲရင် အဆင်ပြေတယ်။
ပြေရင် အဲသည့်အတိုင်း လုပ်။
ပြီးတော့မှ အဲသည့်ဂဏန်းစဉ်တွေကို ကွန်ဗာတာထဲမှာ ထည့်ပြောင်း။
အင်္ဂလိပ်ဂဏန်းတွေက မြန်မာဂဏန်းဖြစ်သွားလိမ့်မယ်။

-------------------------------------------------
ယူဖို့ရာ (((ဒီနေရာ))) ကို နှိပ်ပါ။
-------------------------------------------------

နောက်တစ်ခုကတော့ ဘယ်သူ့ကို မူပိုင် ပေးရမယ် မသိဘူး။
ကွန်ပြူတာထဲက ဖိုင်နာမည်တွေကို ဇော်ဂျီမှ ယူနီကုဒ်, ယူနီကုဒ်မှ ဇော်ဂျီ ပြောင်းပေးတာ။

မူပိုင် ဘယ်သူလဲ မပြောတတ်ပါ။

----------------------------------------
ယူဖို့ရာ (((ဒီနေရာ))) ကို နှိပ်ပါ။

No comments:

Post a Comment

ဓမ္မာနုဂ္ဂဟစာမေးပွဲ (၁၃၈၅-ခု/တ) မေးခွန်းများ (ခ)

မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် ဓမ္မာနုဂ္ဂဟစာမေးပွဲ၊ တတိယအကြိမ် (၁၃၈၅-ခု) မေးခွန်းများ (ခ)